အာဆင်နယ် ကွင်းလယ် ကစားသမား ဂျက် ဝီလ်ရှီးယားက ယခုတိုင်
စာချုပ်သက်တမ်း တိုးရခြင်း မရှိ သေးသော တောင်ပံ ကစားသမား ဝဲလ်ကော့အား
စာချုပ်သက်တမ်းတိုးရန် မိမိ သွေးဆောင် စည်းရုံးမည်ဟု ဖွင့်ဟ
ပြောကြားလိုက်သည်။ အာဆင်နယ်သည် ပြည်တွင်း အခြေစိုက်လူငယ် ကစားသမား ငါးဦး
အား ကာလရှည် သက်တမ်း တိုးခဲ့ပြီးနောက် ၄၈ နာရီ အကြာတွင် မတ်လနောက်ပိုင်း
ပထမဆုံး အကြိမ်အဖြစ် ပရီးမီးယား လိဂ်၌ သုံးပွဲဆက်တိုက် အနိုင်ရခဲ့ သည်။
ဝီလ်ရှီးယားက ”ကျွန်တော်သူ့ကို အမြဲတမ်း ပြောလေ့ ရှိပါတယ်၊ ဝဲလ်ကော့ရေ..
စာချုပ်သက်တမ်း တိုးစမ်းပါ ဆို ပြီးတော့ပေါ့၊ သက်တမ်း တိုးဖို့က သူ့အပေါ်
မှာပဲ မူတည်ပေမယ့် သူဟာ ကျွန်တော်တို့နဲ့ ပရိသတ်တွေ အတွက် ဘယ်လို အဓိပ္ပါယ်
သက်ရောက် သလဲ ဆို တာ သူကိုယ်တိုင်ပဲ သိနေ မှာပါ” ဟု ပြောကြားလိုက်သည်။
from..မြ၀တီ
No comments:
Post a Comment